ကိုယ့်ကလေးက အနိုင်ကျင့်တတ်လား?
Toddler အရွယ်မှာ ကစားဖော်ကစားဖက်တွေအပေါ်အနိုင်အရမ်းလိုချင်စိတ်ရှိနေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါကို ကိုယ်က သူ့ကို Fair ဆိုတာမျိုးကို စိတ်ထဲရိုက်သွင်းပေးရပါမယ်။ မဟုတ်ရင် ကြီးလာတဲ့အခါ Bully လုပ်တတ်တဲ့ကလေးတစ်ယောက်ဖြစ်လာပါလိမ့်မယ်။
ကိုယ့်ကလေးကတစ်ယောက်ထဲနေတတ်သူလား?
တချို့ကလေးတွေက တစ်ယောက်တည်းနေတတ်ကြပါတယ်။ ဒါကတော့ရှားပါတယ်။ ဘာကို သတိထားရမလဲဆိုရင် Mental ပိုင်းကိုပါ။ ကိုယ့်ကလေးစိတ်ကတစ်ခုခုဖြစ်နေလို့လား ၊ ဒါမှမဟုတ် ဗီဇကြောင့်လား ဆိုတာ သတိပြုသင့်ပါတယ်။
ကိုယ့်ကလေးရဲ့ဝါသနာ
အမေတစ်ယောက်အနေနဲ့ ဒါကိုသိကိုသိထားရပါမယ်။ မိဘတိုင်းဟာ ကိုယ့်ကလေးကို စာတော်စေချင်ပေမဲ့ ကလေးတွေရဲ့ပင်ကိုယ်ဗီဇတွေအရ တစ်ယောက်နဲ့တစ်ယောက်ကွဲပြားပါတယ်။ ဒါကြောင့်မို့ ကိုယ့်ကလေးဟာ ဘာကိုဝါသနာပါလဲ ဂရုတစိုက်လေ့လာပါ။ သိလာပြီဆိုရင် ဘယ်လိုမြေတောင်မြှောက်ပေးမလဲစဉ်းစားရပါမယ်။
ကိုယ့်ကလေးဟာ စိတ်ဓာတ်ပျော့ညံ့သူလား?
ဒါက အလွယ်တကူသတိထားမိနိုင်ပါတယ်။ ထစ်ခနဲရှိ ငိုတာမျိုး ၊ တစ်ခုခုဆို Give Up လုပ်ဖို့ပဲကြိုးစားတာမျိုး ၊ ဒါမျိုးလက္ခဏာတွေတွေ့ရပြီဆိုရင် သင့်ကလေးကို စိတ်ဓာတ်ခိုင်မာအောင် လေ့ကျင့်ပေးဖို့လိုအပ်လာပါပြီ။ ဘယ်လိုလေ့ကျင့်ပေးရမလဲဆိုတာမျိုးတွေလဲနောက်ဆောင်းပါးတွေမှာတင်ပြနိုင်ဖို့ကြိုးစားပါမယ်။ ဒီလို Toddler အရွယ်ထဲက Train ပေးထားမှသာ နောက် တက်လာမဲ့အရွယ်မှာ Mind က Strong ဖြစ်နေမှာပါ။
ဒါတွေကတော့ မေမေတွေသတိထားသင့်တဲ့ကလေးအထာလေးတွေပဲဖြစ်ပါတယ်။ ကိုယ့်ကလေးကို သူ့ရဲ့တောက်ပတဲ့အနာဂတ်ဆီပို့နိုင်တာ မိဘပဲရှိပါတယ်။ မိသားစုအားလုံး အမြဲပျော်ရွှင်ကြပါစေလို့ဆုတောင်းရင်းနိဂုံးချူပ်ပါတယ်။
Comments