ရယူလိုခြင်းမရှိတဲ့ မိခင်မေတ္တာ

by: Nang Htwe
 0 comments  19 love

မိခင်တွေက ပေးဆပ်သူသာဖြစ်ပြီး ရယူလိုခြင်းမရှိတဲ့ မေတ္တာမျိုးနဲ့ သူမရဲ့ သားသမီးတွေရဲ့ ဘဝကို လုံခြုံစေခဲ့သူပါ။

စီးပွားရေး အောင်မြင်မှုတွေ ရလာတဲ့ လူငယ်တစ်ယောက်က သူ့ရဲ့ မိခင်ကို ဘာလိုချင်လဲဆိုတာ မေးခဲ့ပါတယ်။

“အမေဘာလိုချင်လဲ”

“အမေ ဘာလုပ်ချင်လဲ”

“အမေကျွန်တော်ကို ထောက်ပံ့ပေးခဲ့တာတွေ အခုပြန်ပြီး ကျေးဇူးပြုချင်တာပါ”

လူငယ်ရဲ့ အမေက အံ့သြကြီးစွာနဲ့ ပြောလိုက်ပါတယ်။

“သား မင်းဘာလို့ ဒီလိုစဉ်းစားရတာလဲ။ ဒါက အမေတာဝန်ပါ။ အမေကို ဘာမှ ပြန်ပေးစရာ မလိုသလို ပြန်ပေးရမယ့် အရာလည်းမဟုတ်ဘူး။”

သူမက ဆက်လက်ငြင်းဆန်နေပြီး နောက်ဆုံး တောင်းဆိုစကား တစ်ခွန်းပြောလိုက်ပါတယ်။

“ကယ် ကောင်းပြီး  မင်းက ဒီလောက် တောင်းဆိုစေချင်မှတော့ အမေ ပြောပြရတော့မှာပေါ့။ မင်း ငယ်ငယ်တုန်းက အမေနဲ့ အဖေကြား အိပ်ခဲ့တယ်။ သားမှတ်မိလား။ အမေတို့ အရင်တုန်းကအိမ်က ခေါင်မိုးမလုံခဲ့တာလေ။ မိုးရွာတဲ့ နေ့တွေဆိုရင် ရေတွေ ငါတို့ကုတင်တခြမ်းပေါ် အမြဲကျလို့ စိုနေတာလေ။ ငါတို့က မင်းကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေချင်တာကြောင့် ခြောက်သွေ့တဲ့ အဝတ်အစားလဲခိုင်းပြီး ခြောက်တဲ့ ကုတင်ဘက်အခြမ်းကို အိပ်ခိုင်းခဲ့တာ။ အဲဒီလိုအရာမျိုး ငါ့ကို အခုချိန် ပြန်ပေးဆပ်နိုင်လား။”

လူငယ်ကတော့ သူအမေကို ဘာဆက်ပြောရမှန်းမသိလောက်အောင် ဖြစ်သွားပါတယ်။ ဒါဟာ သားတစ်ယောက်အနေနဲ့ ပြုလုပ်ပေးဖို့ ခက်တဲ့အရာမို့လို့ပါ။

မိခင်ရဲ့ မေတ္တာဟာ ကြီးမားကျယ်ပြန့်တာကြောင့် ကျေအောင် ဆပ်ဖို့ဆိုတာ ခက်ခဲပါတယ်။ မိခင်တွေက ပေးဆပ်သူသာဖြစ်ပြီး ရယူလိုခြင်းမရှိတဲ့ မေတ္တာမျိုးနဲ့ သူမရဲ့ သားသမီးတွေရဲ့ ဘဝကို လုံခြုံစေခဲ့သူပါ။

Mother’s Love – A touching story မှ ဘာသာပြန်ဆိုထားပါသည်




Comments

0 comments
Read more useful blogs