ကလေးငယ်တွေကို အတူဆော့ကစားရင်းသင်ယူစေမယ်

by: May Shaar
 0 comments  6 love

ကလေးတစ်ယောက်မွေးစကနေ အသက်(၅)နှစ်အထိသင်ယူသမျှကိုကြည့်ပြီး ကြီးလာတဲ့အခါ ဘာဖြစ်မယ်ပြောနိုင်တယ်လို့ အဆိုရှိပါတယ်။ကလေးငယ်ကို အတူကစားပေးရင်းသင်ယူစေတဲ့အခါမှာ ပိုထိရောက်တာကိုလဲတွေ့ရမှာပါ။

ကလေးတွေဘယ်လိုသင်ယူကြသလဲ

ကစားပေးခြင်းက ပျော်ရွှင်စရာဖြစ်ပြီး ကလေးတွေသင်ယူဖို့အတွက် အထိရောက်ဆုံးဖြစ်ပါတယ်။အတူဆော့ကစားပေးခြင်းဖြင့် ကလေးတွေကြီးထွားဖွံ့ဖြိုးစေဖို့  စွမ်းရည်တွေရနိုင်ပါတယ်။

 သူတို့ကိုပါဝင်စေပါ

သင်ပန်းကန်ဆေးနေတဲ့အခါ သူတို့ကို အတူပါဝင်ခိုင်းပါ.တစ်ခုခုကိုချက်ပြုတ်နေတဲ့အခါမှာ သင်ကဘာလုပ်နေတယ်ဆိုတာကို သူတို့ကိုပြောပြပါ။

သင်လုပ်နေတဲ့ကိစ္စတွေကို သူတို့ပါဝင်ကူညီခြင်းဖြင့် ကူညီတတ်စေတယ်။ဒါ့အပြင် သင်လုပ်နေတာကိုကြည့်ရင်း သူတို့လိုက်လုပ်ခြင်းအားဖြင့် ကူညီနိုင်မှာပါ။

ကလေးငယ်တို့ ကစားရင်းသင်ယူနိုင်စေမယ့် နည်းလမ်းများ

ကလေးငယ်ကိုဆော့ကစားဖို့အတွက် မတူတဲ့နည်းလမ်းပေါင်းစုံရှိပါတယ်။ခက်ခက်ခဲခဲ အဖိုးကြီးစရာမလိုအပ်ပါဘူး

  • စာဖတ်ပြမယ်-ကလေးငယ်ငယ်ထဲက စာအုပ်လေးတွေထဲကပုံတွေပြပါ။ပုံပြင်ဖတ်ပြပါ။နားမလည်သေးတဲ့အချိန်မှာ ပုံလေးတွေပြပြီး နားလည်စအရွယ်မှာ ပုံပြင်လေးတွေပြောပြတာက ကလေးကို စာအုပ်တွေနဲ့ နီးစပ်စေပါတယ်။ဒါ့အပြင် အပြုအမူကောင်းတွေအတွက်လည်း အစပျိုးရာရောက်ပါတယ်။
  • ရေကစားစေတာ-ကလေးငယ်လေးတွေသာမကလမ်းလျှောက်တတ်တာကကလေးတွေကလည်း ရေဆော့ကစားရတာနှစ်သက်ပါတယ်။ရေချိုးပေးတာ ၊ ရေကန်သေးသေးလေးထဲဆော့စေတာမျိုးပါ။ဒါပေမယ့် ကလေးတွေက ရေအနက် ၅စင်တီမီတာ(၂လက်မခန့်)မှာပင် ရေနစ်တတ်လို့ ကလေးငယ်ကိုတော့ တယောက်တည်းလွှတ်မထားပါနဲ့။
  • ဟင်းချက်တဲ့ပုံစံကစားစေတာ-ပန်းကန်သေးသေးလေးနဲ့ ဇွန်းလေးတွေသုံးပြီး ဂျုံ ၊ သကြား ၊ ဆားအစရှိတဲ့ ပါဝင်ပစ္စည်းအစစ်တွေနဲ့ တိုင်းတာခိုင်းပါ။
  • ပုံဆွဲစေတာ၊ပန်းချီဆွဲစေတာ-ဖယောင်းရောင်စုံ ၊ ရေဆေး ၊ ပေါင်ဒါရောင်စုံတွေသုံးပြီး ဆော့ကစားစေပါ။
  • တူတူပုန်းတမ်းဆော့ကစားတာကလည်း ကလေးငယ်ရဲ့ Problem solving skill ကိုတိုးတက်စေလို့ အတူဆော့ကစားသင့်ပါတယ်။
  • ကလေးသီချင်းလေးတွေဖွင့်ပြီးကစေတာ-ကလေးငယ်ကို သီချင်းလေးတွေနဲ့ကစေတာက ကလေးရဲ့ပျော်ရွှင်စိတ်ကိုဖြစ်စေပြီး ဥာဏ်ရည်လည်းတိုးတက်စေပါတယ်

ဒါတွေကို သင့်ကလေးငယ်နဲ့သင်နဲ့ ဆက်သွယ်နိုင်တဲ့အချိန်(၁နှစ် မပြည့်ပီ)ကနေ စပြီးလေ့ကျင့်ပေးနိုင်ပါတယ်

ဒါဆိုရင်တော့ သင့်ကလေးအရွယ်ရောက်တဲ့အခါ ကောင်းစွာထိန်းကျောင်းပြီးသား လိမ္မာတဲ့ကလေးလေးဖြစ်လာမှာ အသေအချာပါပဲ။




Comments

0 comments
Read more useful blogs