ကလေးကို အရာရာလိုက်လုပ်မပေးပါနဲ့။ သူတို့လုပ်နိုင်တာတွေကိုသူတို့လုပ်ပါစေ။ ဒါမှ ဒီကလေးရဲ့ Ability ကို မြှင့်တင်ပေးရာရောက်မှာပါ။
ကလေးကိုဒေဝေါကြီးလာလိမ့်မယ်တို့ ဘာတို့နဲ့မခြိမ်းခြောက်ပါနဲ့။ သူတို့စိတ်ထဲ အမည်မသိကြောက်စိတ်ဝင်သွားနိုင်ပါတယ်။ အရမ်းကြောက်တတ်တဲ့ကလေးအတွက်က Mental ပိုင်းအရမ်းအားနည်းပါတယ်။
ကလေးကမသိလို့မေးရင် ပါးစပ်ထဲရှိရာရှေးပုံပြင်တွေ ရှေးရိုးစွဲစကားတွေ လျှောက်မပြောပါနဲ့။ အကျိုးသင့် ၊ အကြောင်းသင့် သေချာရှင်းပြပါ။ မလိမ်ပါနဲ့။ ကိုယ်သိအောင်လေ့လာပြီးမှပြောပြပါ။ ဒါမှသာ ကလေးရဲ့စိတ်ထဲမှာ ပြတ်သားစွာသိရမှာပါ။
ငယ်ငယ်ထဲက စည်းကမ်းရှိအောင်ကျင့်ထားပါ။ လမ်းလျှောက်တတ်စအရွယ်မှာ အမှိုက်ကိုအမှိုက်ပုံးထဲပစ်တာမျိုး ၊ ဆော့ပြီးသားအရုပ်တွေ ပြန်သိမ်းတာမျိုး ဒါမျိုးတွေလုပ်ခိုင်းသင့်ပါတယ်။ ကလေးစကားပြောတတ်လာတဲ့အခါ ကိုယ့်ရဲ့အပြောအဆိုကိုဆင်ခြင်ပါ။ တတ်နိုင်သမျှ ယဉ်ကျေးစွာပြောဆိုပါ။ ဒါမှလဲ ကိုယ့်ရဲ့ကလေးရဲ့စကားပြောတာနဲ့ပတ်သတ်ပြီး သင်ယူတာကို ကောင်းမွန်စေမှာပါ။
ဒီထက်အချက်တွေများစွာရှိသေးပေမဲ့ ကလေးတွေအတွက်ပဲရေးတာဖြစ်လို့ ဒီမှာပဲနိဂုံးချုပ်ပါရစေခင်ဗျာ။ မိသားစုတိုင်းပျော်ရွှင်ကျန်းမာချမ်းသာကြပါစေ။
Comments