ကလေးတွေကိုPressure ပေးလွန်းရင် ဖြစ်လာမဲ့အန္တရာယ်တွေ

by: Mg Mg Zaw
 1 comments  5 love

ကလေးတွေ ဆိုတာ ဖြူစင်ပြီး လိုသလို ပုံသွင်းလို့ ရတဲ့သူလေးတွေပါ။ ဒီလို ကလေးတွေကို ကျွန်တော်တို့ ဟာ Pressure အလွန်ပေးသင့်လား?

သူတို့ သိတာ ကစားမယ် ၊ စားမယ် ၊ အိပ်မယ် ၊ အဖေနဲ့ အမေကိုချွဲမယ် သူတို့ သိတာဒါပါပဲ။ ဒါကို ကျွန်တော်တို့ က သူတို့ အရွယ်ထက် ကျော်လွန်တဲ့အရာတွေလုပ်ခိုင်းတာမျိုး ( ဥပမာ တစ်ခုခုကိုအတင်းအကြပ်သင်ခိုင်းတာမျိုး ) တွေရှိလာခဲ့ရင် သူတို့ အတွက် Pressure တွေ စ၀င်လာပါပြီ။

သူတို့ ကလဲမလုပ်ချင် သင်ကလဲ အတင်းခိုင်းနဲ့  တဖြည်းဖြည်းချင်း ကလေးဟာ Pressure တွေကြားထဲမှာ ပထမဆုံးအန္တရာယ်အနေနဲ့  ပျော်ရွှင်မှုတွေပျောက်ဆုံးသွားပါပြီ။ ဒီအရွယ်ကလေးတစ်ယောက်ဟာ အမြဲတမ်းနီးပါးကို ပျော်နေရမဲ့အရွယ်ပါ။ ဒါကို ပျော်ရွှင်မှုတွေပျောက်ဆုံးသွားတယ်ဆိုတာဟာ Mental Illness ရဲ့  အစပါပဲ။

ကလေးပဲဖြစ်ဖြစ် ၊ လူကြီးပဲဖြစ်ဖြစ် Physical ပိုင်း ဘယ်လောက်ကောင်းကောင်း ၊ Mental ပိုင်းမကောင်းရင် အရာရာအခက်အခဲတွေ တွေ့ နိုင်ပါတယ်။ စိတ်ဓာတ်ကျတာတို့  ၊ လုပ်ရမဲ့အလုပ်ကို မရင်ဆိုင်ရဲတာတို့  ဒီလိုတွေဖြစ်လာပါမယ်။

သင့်ကလေးဟာ Mental Illness ဖြစ်တာနဲ့  စကားသိပ်မပြောဖြစ်တော့ပဲ တစ်ယောက်တည်းငူငူငိုင်ငိုင်နဲ့  နေပါလိမ့်မယ်။ အိမ်မှာ တစ်ခုခုလုပ်တဲ့အခါလဲ ( မွေးနေ့ ၊ အလှူ ) သူတစ်ယောက်တည်း လူရှင်းတဲ့နေရာမှာနေနေပါလိမ့်မယ်။ ကျောင်းကပွဲတွေလုပ်လဲ မပါချင်တာမျိုး ၊ ငြင်းဆန်တာမျိုးတွေလဲဖြစ်လာမှာပါ။ စာလဲကောင်းကောင်းလုပ်နိုင်တော့မှာ မဟုတ်ပါဘူး။ ညဘက်တွေလဲ သာမန်ကလေးတွေလို အိပ်နိုင်မှာမဟုတ်ပါဘူး။ ဘာလို့ လဲဆိုရင် သူ့ ခေါင်းက လျှောက်တွေးနေမှာမို့ လို့ ပါ။

ကလေးကို အကြောက်တရားနဲ့ မအုပ်ချုပ်ပါနဲ့ ။ Give and Take သဘောမျိုးနဲ့  သူလိုချင်တာလဲလုပ် ကိုယ်လိုချင်တာလဲလုပ်ခိုင်းတဲ့ Deal လုပ်ပါ။ ကလေးတွေကို စိတ်ဒဏ်ရာတွေ မပေးပါနဲ့ ။

မိသားစုအားလုံး စုံစုံလင်လင်နဲ့  ပျော်ရွှင်စွာ ကျန်းမာချမ်းသာကြပါစေ။




Comments

0 comments
Latest video

Latest blog

Do you have anything to share?       Write blog