ကျွန်မမှာ အသက်(၅)နှစ်အရွယ်နဲ့ (၇)နှစ်အရွယ် ကလေးနှစ်ယောက်ရှိပါတယ်။ အမေတစ်ယောက်စတင်ဖြစ်လာချိန်မှာ စိတ်လှုပ်ရှားမှု အတိုင်းထက် အလွန်ပါပဲ။ ဗိုက်ထဲက ကလေးကို အပြင်မှာ အမြန်ဆုံးတွေ့ချင်တာပါ။ အပြင်မှာ အမြန်ချီချင်တဲ့ ဆန္ဒတွေ တဖွားဖွားဖြစ်မိပါတယ်။
အရိုးသားဆုံး ဝန်ခံရရင် အမေတစ်ယောက်ဖြစ်ရတာ အလွန်ပင်ပန်းပါတယ်။ ဒါပေမယ့် ဒီပင်ပန်းတာက ကျွန်မကို စိတ်အနှောက်အယှက်မဖြစ်စေပါဘူး။ ပျော်ရွှင်ခြင်းတွေကို သယ်ဆောင်လာတဲ့ ပင်ပန်းခြင်းပါပဲ။
ကလေး အဆင့်ဆင့် ကြီးထွားလာချိန်ဟာ ကျွန်မအတွက် စိတ်လှုပ်ရှားစရာ အကောင်းဆုံး အချိန်တွေပါပဲ။ မေမေဖေဖေ စခေါ်တဲ့အချိန်၊ လမ်းစလျှောက်ချိန်၊ ဖြည့်စွက်စာ စကျွေးချိန်၊ ကျောင်းစတက်ချိန်တွေက ကျွန်မကို စိတ်လှုပ်ရှားမှုတွေ ဖြစ်ပေါ်စေပါတယ်။ ကလေးပျော်ရင် ကျွန်မလည်း ပျော်တတ်လာပါတယ်။
ကလေးနေမကောင်းတဲ့အချိန်ဆိုရင် ကျွန်မအတွက် နေထိုင်ရတာ အဆင်မပြေဆုံးအချိန်ပါ။ သူတို့ခံစားရတဲ့ နေမကောင်းတာကို ကျွန်မဘဲ ခံစားလိုက်ချင်ပါတယ်။ သူတို့လေးတွေ ဘာကြိုက်တယ်ဆိုတာ ကျွန်မအလိုလိုသိနေပါတယ်။ ကိုယ့်အကြိုက်ထက် သူတို့အကြိုက်ကို ဦးစားပေးတတ်လာပါတယ်။ ကျွန်မရဲ့စိတ်ကို (၂၄)နာရီလုံး စိုးမိုးထားသူလေးတွေပါ။
အရင်တုန်းက ကျွန်မ အလွန်ရှက်ကြောက်တတ်ပါတယ်။ သူတို့လေးတွေ ကျွန်မဘဝထဲ ဝင်လာပြီးနောက်ပြီး ဘယ်အရာမဆို သတ္တိတွေ ရှိလာပါတယ်။ အခုချိန်မှာ ကျွန်မက အရင်ကလို ရှက်ကြောက်တဲ့ မိန်းကလေးမဟုတ်တော့ဘဲ ရဲဝံ့တဲ့ အမျိုးသမီး အမေတစ်ယောက် ဖြစ်လာပါပြီ။
ဆေးရုံမှာ မွေးဖွားချိန်တုန်းက နောက်တစ်ယောက်ထပ်မယူတော့ဘူးလို့ စဉ်းစားခဲ့ပေမယ့် ကလေးမျက်နှာမြင်ချိန်မှာတော့ ဒီလိုချစ်စရာကောင်းတဲ့ ကလေးနောက်တစ်ယောက်ထပ်ယူဖို့ ရဲရဲဝင့်ဝင့် ဆုံးဖြတ်ခဲ့ပါတယ်။
How do you feel about becoming a mother မှ ပြန်ဆိုထားပါသည်
Comments