ဖခင်​တ​ယောက်​ရဲ့စွမ်းအား

by: Yin Min Thant
 0 comments  7 love

ဒီစာကို​တော့ ​ဖေ​ဖေ​တွေအားလုံးက ကိုယ့်​သားသမီး​တွေအ​ပေါ် ဘယ်​လိုစွမ်းအား​တွေနဲ့ ဘယ်​လိုလုံခြုံမှု့​တွေ​ပေးနိုင်​တယ်​ဆိုတာကို သိ​စေဖို့အတွက်​ပါ

ဆိုးတဲ့​ဖေ​ဖေပဲ ဖြစ်​ဖြစ်
ကောင်းတဲ့​ဖေ​ဖေပဲ ဖြစ်​ဖြစ်
သားသမီး​တွေအတွက်​​တော့ ​ဖေ​ဖေဆိုတာ ဒိုင်းတခု
ခံတပ်​တခု အားကိုးရာတခုပါ

သားသားမီးမီး​လေး​တွေက ​အ​မေကိုပိုချစ်​ကြတယ်​ ခင်​တွယ်​ကြတယ်​ဆို​ပေမဲ့
သူတို့​လေး​တွေ ပိုအားကိုးတဲ့သူက​တော့
သူတို့​ဖေ​ဖေ​တွေကိုပါပဲ 👪👪👪

က​လေးချင်းရန်​ဖြစ်​တဲ့အခါ
က​လေး​တွေ​ပြော​လေ့ရှိတဲ့စကား​အများစုက
ငါ့​ဖေ​ဖေနဲ့တိုင်​​ပြောမယ်
ငါ့​ဖေ​ဖေက နင့်​ကို ဝါးစားပစ်​မယ်
ငါ့​ဖေ​ဖေက နင့်​ကို ရိုက်​မယ်
အစရှိသလို

သူတို့ရဲ့ လူစွမ်း​ကောင်းအဖြစ်​သတ်​မှတ်​ထားတဲ့ ​ဖေ​ဖေ့ကို အားကိုးပီး ​ချေပ​လေ့ရှိကြပါတယ် ။

သူတို့​လေး​တွေအတွက်​ မအားလပ်​ အချိန်​မ​ပေးနိုင်​ရင်​​တောင်​ သူတို့အ​တွေးထဲက ​ဖေ​ဖေက​တော့ လူစွမ်း​ကောင်းကြီးအဖြစ်​ အမြဲရှိ​နေပါတယ်​ 👨👨👨

သူတို့ရဲ့ လူစွမ်း​ကောင်းကြီး​တွေရဲ့ ဂရုစိုက်​မှု့ကို ခံရတဲ့ က​လေးငယ်​​တွေက​တော့ ကံအ​ကောင်းဆုံးက​လေးငယ်​​လေး​တွေလို့ ​ပြောလို့ရပါတယ်​ ။

က​လေးငယ်​​တွေရဲ့ အလိုအပ်​ဆုံးအရာက
တခြားသူ​တွေရဲ့ ဂရုစိုက်​မှု့ ကြင်​နာမှု့​တွေထက်
မေ​မေရဲ့ ​​မေတ္တာ နဲ့
ဖေ​ဖေရဲ့ ​နွေး​ထွေးတဲ့လုံခြုံမှု့​ပေးနိုင်​စွမ်းက ပိုလိုအပ်​ပါတယ်

ငယ်​​သေးလို့ အသက်က ဘယ်ေ​​​လာက်​အရွယ်​ပဲ ရှိ​သေးလို့ ဆိုပီး က​လေးငယ်​တို့ရဲ့စိတ်​ကို မသိတတ်​ နားမလည်​ဘူး မထင်​ပါနဲ့​နော်

အိမ်​မှာ Sarah ​လေးဆို သူ့​မေ​မေဆီက ဂျီကျလို့ လိုချင်​တာမရရင်​ ဖီဖီ ဖီဖီဆိုပီး ငိုတတ်​ပါတယ်
သူ့အတွက်​ အားကိုးရာ​ပေါ့​​နော်

Sarah ​လေး ​ဖေ​ဖေရုံးက ထမင်းစားမပြန်​ဖြစ်​ရင်
အ​မေကို ဂျီကျပီး သူ့အ​ဖေဆီ ​ဗီဒီယို​ကော ​​ခေါ်ခိုင်းပါတယ်

အိမ်​ပြန်​​နောက်​ကျရင်​ ပြန်​လာတဲ့အထိ​စောင့်​အိပ်​တတ်​ပါတယ်

Sarahေ​ဖ​ဖေက ​ဘေးနားမှာမရှိရင်
သူ့​အ​ဖေရဲ့ ဓာတ်​ပုံကြည့်​ပီး စကား​တွေ​ပြောတတ်​သလို
သူနဲ့​ဆော့တဲ့ ဗီဒီယို​လေး​တွေကို ဖွင့်​ပြခိုင်းတတ်​ပါတယ်

အဓိက ​ပြောချင်​တာက​တော့
ဖေ​ဖေတို့ရဲ့အ​တွေးထဲမှာ သားသားမီးမီး​တွေအတွက်​ ငါရှိ​နေလို့ ဘာမှမထူးဘူး
ငါဂရုမစိုက်​​ပေးလဲ ဘာမှမထူးဘူး
ငါပစ်​ထားလဲ ဘာမှမထူးဘူး
ငါထားခဲ့လဲ ဘာမှမထူးဘူး …

အဲ့လို အ​တွေး​တွေမဝင်​​စေဖို့နဲ့

က​လေးငယ်​​လေး​တွေဟာ တတ်​သိနားလည်​​နေပီး
ဆိုးတဲ့​ဖေ​ဖေပဲဖြစ်​ဖြစ်​ ​ကောင်းတဲ့​ဖေ​ဖေပဲဖြစ်​ဖြစ်
သူတို့​လေး​တွေရဲ့​ဖေ​ဖေ့ဆီက
ဖခင်​တ​ယောက်​ရဲ့​နွေး​ထွေးလုံခြုံမှု့​ပေးတာကို ခံယူချင်​ကြသူ​တွေပါဆိုတာကို ​ဖေ​ဖေတို့ သိ​စေဖို့ပါ ။

သူတို့​လေး​တွေက ဖခင်​တ​ယောက်​ရဲ့ ​မေတ္တာကို ခံစားခွင့်​ရှိသူ​တွေဆိုလဲ မမှားပါဘူး​နော်​ ….

#Sarah’Mom
#Justsharingmythoughts
#17.7.2018


Tag: advicegood tips


Comments

0 comments
Read more useful blogs