ဘေဘီ​လေးနဲ့ ဖြည့်​စွက်​စာ အပိုင်း-၁

by: Yin Min Thant
 0 comments  2 love

မေ​မေတို့​ရေ ဖြည့်​စွက်​စာနဲ့ ပတ်​သက်​ရင်​ အမြင်​မတူ​တွေများသလို ၊နည်းလမ်း​တွေလဲ မတူကြပါဘူး ။

တူညီတာတခုက​တော့ ​ဘေဘီ​လေးတို့ကို အ​ကောင်းဆုံး​သော အာဟာရ​တွေနဲ့ အ​ကောင်းဆုံး​သော အရသာ​တွေမြည်းစမ်း​စေချင်​ကြတာပါပဲ ။

လူတိုင်းက စား​ကောင်း​သောက်​ဖွယ်​ကို ကိုယ်​ချစ်​ရသူကို​ကျွေးချင်​ပါတယ်​ ။
(ဒီ​နေရာမှကြုံလို့ပါ
့ တချို့လူ​တွေကျ​တော့ ချစ်​ရ၊ခင်​ရ၊ကြင်​နာရသူများလို့ စား​ကောင်း​သောက်​ဖွယ်​ကို ကြုံရာ ချစ်ရ၊​ခင်​ရ ၊ကြင်​နာရတဲ့လူနဲ့စား​လေ့ရှိပါတယ်​ ……
ခေတ်​စကားအရ social ကျတဲ့လူမျိုး​တွေ​ပေါ့​နော်​ 😂)

ဘေဘီ​လေးတို့ ဖြည့်​စွက်​စာ ပြန်​သွားကြရ​အောင်
😄😄
မေ​မေတို့ရဲ့ ရင်​နှစ်​သည်းချာ​လေး​တွေကို အ​ကောင်းဆုံး​တွေ မြည်းစမ်း​စေချင်​ ​ကျွေးချင်​တာ ဒါ သဘာဝပါပဲ ။

ဒါ​ပေမဲ့ ​မေ​မေတို့ မနိုင်​ဝန်​ထမ်းဖို့မလိုပါဘူး ။
မေ​မေတို့ ရယ်​ဒီမိတ်​ကြည့်​ ဝယ်​​ကျွေးနိုင်​ဖို့ မလိုပါဘူး ။
မေ​မေတို့ အ​ကောင်းစားအား​ဆေး​တွေ အားဖြည့်​ဆန်​​တွေ ဝယ်​ ​ကျွေးနိုင်​ဖို့ မလိုပါဘူး။

က​လေးငယ်​ ၆ လက​နေ စတင်​တဲ့ သူ့ရဲ့ဖြည့်​စွက်​စာဟာ သူ့အတွက်​​တော့ ​ဆော့စရာပါ
အာသာ​ပြေမြည်းမယ်
ပီးရင်​​တော့
မေ​မေ့ချိုချိုပဲစို့မယ်​ ဆိုတာမျိုးပါ

ဒါ့​ကြောင့်​ ကျွန်​မက​တော့ ဖြည့်​စွက်​စာ​ကျွေးရမယ့်​အရွယ်​မှာ သူများ​တွေလို မုန့်​​ အားဖြည့်​ဆန်​ အချိုရည်​ အား​ဆေး အကုန်​မ​ကျွေးနိုင်​လဲ စိတ်​မပူပါနဲ့ ၊အားမငယ်​ပါနဲ့ ၊မသိမ်​ငယ်​ပါနဲ့ လို့ ​ပြောချင်​ပါတယ်​ ။

အိမ်​မှာရှိတဲ့ ဆန်​ ပဲနီ​လေး အသီးအနှံ​လေး​တွေနဲ့ ကုန်​ကျစရိတ်​​ချွေတာရင်း အာဟာရရှိတဲ့ ဖြည့်​စွက်​စာကို ​ကျွေးကြည့်​ပါလို့ တိုက်​တွန်းချင်​ပါတယ်​ ။

ရက်​လွန်​ သက်​တမ်းလွန်​သွားလို့ ပစ်​ရမှာ စိတ်​မပူရသလို လတ်​ဆတ်​ပီး အာဟာရပြည့်​တဲ့အပြင်​ ကုန်​ကျစရိတ်​ပါသက်​သာတဲ့ အိမ်​လုပ်​ဖြည့်​စွက်​စာ​လေး​တွေပဲ ​ကျွေးကြရ​အောင်​ ☺☺☺

#Sarah’sMom
#Justsharingmythoughts
9.7.2018

နောက်​ထပ်​ ဖြည့်​စွက်​စာနဲ့ပတ်​သက်​တဲ့ Blog ​လေး​တွေ ထပ်​လာမယ်​​နော်




Comments

0 comments
Read more useful blogs