ကိုယ်ဝန်ဆောင်ချိန်မှာ မလုပ်သင့်တဲ့အချက်များ

by: Mg Mg Zaw
 0 comments  2 love

ကိုယ်ဝန်ဆောင်တဲ့အချိန်ဆိုတာ မိန်းကလေးတစ်ယောက်အတွက် အရေးကြီးတဲ့အချိန် အရာရာဆင်ခြင်နေထိုင်သင့်တဲ့အချိန်ပါပဲ။ ရှောင်သင့်တာရှောင်ဖို့ ကလဲအရေးပါ ပါတယ်။ ဘာတွေမလုပ်ရဘူးလဲ…..ကျွန်တော်တို့ ကြည့်လိုက်ရအောင်!

ပစ္စည်းတွေ မ မရွှေပါနဲ့ 

ခင်ပွန်းသည်အလုပ်သွားနေချိန်မှာ ဘယ်သူမှမရှိလို့ ဆိုပြီး ဇိုးဇိုးဇတ်ဇတ်နဲ့  ပစ္စည်းတွေ ကောက် မ ပြီး မရွှေ့ လိုက်ပါနဲ့ ။ အခန့် မသင့်ရင် ကိုယ်ဝန်တောင်ပျက်ကျနိုင်ပါတယ်။ ဒီအချက်လေးကို သတိထားဖို့ တော့လိုပါလိမ့်မယ်။

Pressure တွေ အရမ်းမများစေပါနဲ့ 

အလုပ်ကြောင့်ဖြစ်စေ ၊ မိသားစုကြောင့်ဖြစ်စေ Pressure တွေကြားမှာ မနေလိုက်ပါနဲ့ ။ Pressure တွေကလဲ ပေါ့ဆလို့ မရအောင် ထိခိုက်စေပါတယ်။

ခရီးမထွက်ပါနဲ့ 

ကိုယ်ဝန်ဆောင်ချိန်မှာ ခရီးမထွက်ပါနဲ့ ။ သင့်အတွက်လဲ အဆင်ပြေမှာမဟုတ်သလို သင့်ကိုယ်ဝန်အတွက်လဲ အဆင်ပြေမှာမဟုတ်ပါဘူး။ ဒါကြောင့်မို့  ခရီးမထွက်ပါနဲ့ ။

အရက် ၊ ဘီယာ ၊ မူးယစ်ဆေးဝါး  မသုံးစွဲပါနဲ့ 

ဒါကတော့ ပြောစရာကို မလိုတဲ့အချက်ဖြစ်နေမှာပါ။ သင့်ကိုယ်ဝန်ကို လွန်စွာထိခိုက်စေမဲ့ အကြီးမားဆုံးအချက်တစ်ချက်ပဲဖြစ်ပါတယ်။ သင်မွေးလာမဲ့ကလေးကိုပါ တစ်ခုခုဖြစ်သွားစေမဲ့အထိကို ဒုက္ခပေးမှာပါ။

အိမ်မွေးတိရစ္ဆာန်တွေနဲ့ လဲဝေးဝေးနေပြီး အသစ်တွေလဲထပ်မ၀ယ်ပါနဲ့ 

အိမ်မွေးတိရစ္ဆာန်တွေဆိုတာလဲ ရောဂါပိုးမွှားတော့ရှိတာပါပဲ။ဒါကြောင့် သင်ဘယ်လောက်ချစ်ချစ် ဒီအချိန်လေးအတွင်းတော့ အိမ်မွေးတိရစ္ဆာန်တွေကိုရှောင်ပါ။

ဒီအချက်လေးတွေကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ လုံးဝမလုပ်သင့်တဲ့အချက်တွေပဲဖြစ်ပါတယ်။ အားလုံး ကျန်းမာရေးဗဟုသုတလေးတွေရသွားကြဖို့  မျှော်လင့်ပါတယ်။ မင်္ဂလာရှိသောနေ့ လေးဖြစ်ပါစေ။




Comments

0 comments
Latest video

Latest blog

Do you have anything to share?       Write blog