ကျွန်မကိုယ်တိုင်အပါအဝင် မိဘတော်တော်များများသတိမပြုမိတဲ့ ဘေဘီလေးတို့ရဲ့ ဖွံ့ဖြိုးမှု့ကို အနှောင့်အယှက်ဖြစ်စေတဲ့ W ပုံစံထိုင်နည်း၏အကျိုး
W ပုံစံထိုင်ခြင်းက ဘယ်လိုမျိုးကိုပြောတာပါလဲ???
-ဒဗလျူ ပုံစံထိုင်ခြင်းဆိုတာ. ကလေးတစ်ယောက်ကြမ်းပြင် ပေါ်ထိုင်နေစဉ်အတွင်းသူ/သူမ ရဲ့ခြေချောင်းလေးတွေဟာ ဒဗလျူ ပုံစံဖြစ်နေလျက်ထိုင်ခြင်းကိုဆိုလိုပါတယ်။
(ဒူးနှစ်ဖက်ကွေးပီး ခြေနှစ်ချောင်းဟာခန္ဓာကိုယ်နဲ့ဝေးရာဦးတည်လျက် ဒဗလျူ ပုံစံထိုင်ခြင်းသာဖြစ်သည်).
ကျွန်မ Sarah လေး ကိုယ်တိုင် အဲ့လိုမကြာခဏထိုင်တတ်ပါတယ်။
ကျွန်မတူမလေးလဲ မကြာခဏအဲ့လိုထိုင်တတ်ပါတယ်။
ကလေးအများစု နှစ်ခြိုက်သဘောကျတဲ့ ထိုင်နည်းဆိုလဲ မမှားပါဘူး။
ဒီလိုထိုင်ခြင်းက သူတို့လေးတွေအတွက် ပိုပီး stable ဖြစ်စေတယ်လို့ခံစားရလို့ပါ။
ခနတဖြုတ်ထိုင်ခြင်းက အကျိုးမသက်ရောက်နိုင်ပေမဲ့
မကြာခနဆိုသလို အမြဲတစေ Wပုံစံ ထိုင်ရင်တော့
ဘေဘီလေးတို့ရဲ့ အရိုးအဆစ်နာခြင်း၊ ရောင်ရမ်းခြင်း၊ ကြွက်သားနာကျင်စေခြင်း နှင့် ခန္ဓာကိုယ်အောက်ပိုင်းအရိုး ဖွံ့ဖြိုးတိုးတက်မှု့တို့ကို အနှောင့်အယှက်ဖြစ်စေပါတယ် ။
ငယ်ရွယ်စဉ် ခန္ဓာကိုယ် ဖွံ့ဖြိုးနေတုန်းမှာ ဒီလိုထိုင်တဲ့အခါ တင်ပါးရိုး၊ ဒူးရိုးနဲ့ ခြေမျက်စိ ကိုထိခိုက်ဖို့ ရာခိုင်နှုန်းအရမ်းများပါတယ် ။
W-ပုံစံ ထိုင်တာကြာလာတာနဲ့အမျှ ခြေထောက်ကြွက်သားတွေ အားနည်းလာစေသည့်အပြင် ခြေခွင်ခြင်းကိုလဲ ဖြစ်စေနိုင်ပါတယ်။
အကျိုးဆက်ကတော့ ကြီးလာတဲ့အခါ အခြားကလေးငယ်တွေလို အားကစားလှုပ်ရှားမှု ကောင်းကောင်း မလုပ်နိုင်တာပါပဲ။ ဘောလုံးကစားတာလိုမျိုး လျင်လျင်မြန်မြန်လှုပ်ရှားရတဲ့နေရာတွေမှာ ကစားနိုင်မှာ မဟုတ်တော့ပါဘူး။
ဒါကြောင့် ကျွန်မတို့အနေနဲ့ မိမိပတ်ဝန်းကျင်မှာ W ပုံစံထိုင်နေတဲ့ကလေးငယ်များကို တွေ့မြင်ခဲ့ရင် ပုံစံပြောင်းထိုင်ဖို့ ကူညီဖေးမပေးရင်း သူတို့လေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှု့ကို ဝိုင်းဝန်းစောင့်ရှောက်ပေးကြပါစို့နော် ။
Comments