သူငယ်ချင်း အလိုရှိသည်

by: Nang Htwe
 0 comments  13 love

ကျွန်မတို့အမေတွေမှာလည်း သူငယ်ချင်းတွေ လိုအပ်နေပါတယ်။

ကျွန်မတို့ အမေတွေ ကြုံရတာကတော့ သူငယ်ချင်းရှားပါးတာပါ။ အိမ်ထောင်မကျခင်တုန်းကတော့ သူငယ်ချင်းတွေ အများကြီးရှိခဲ့တယ်။ အိမ်ထောင်ကျပြီး နည်းသွားတယ်။ ကလေးလည်း ရလာရော သူငယ်ချင်းတွေအားလုံးနဲ့ အဆက်အသွယ် ပြတ်ကုန်ပါရော။ ကလေးမွေးပြီး နောက်ပိုင်း အားလပ်ချိန်နည်းလာတာရော စိတ်ရှုပ်ထွေးနေတာတွေရော သူငယ်ချင်းတွေနဲ့ မဆက်သွယ်မိတော့ပါဘူး။ ဒီလိုနဲ့ပဲ အဆက်အသွယ်ပြတ်ကုန်တော့တာပဲ။

အခုနောက်ပိုင်း facebook တွေ viber တွေမှာတော့ မိခင်တွေစုထားတဲ့ group တွေထဲ ကျွန်မ ဝင်ထားပါတယ်။ ဒါပေမယ့်လည်း အပြင်က သူငယ်ချင်းတွေလောက် အထောက်အကူတွေ အများကြီးမရပါဘူး။ Group ထဲက ဘဝတူ မေမေတွေနဲ့ ကလေးကျန်းမာရေးအကြောင်းလောက်ပဲ ဆွေးနွေးဖြစ်ပါတယ်။ တခြား ခံစားချက်တွေ ဆွေးနွေးဖို့က သိပ်အဆင်မပြေဘူးလေ။

ကျွန်မ သူငယ်ချင်းတော်တော်များများက အိမ်ထောင်မပြုကြသေးသူတွေပါ။ ဒီတော့ ကျွန်မရဲ့ ခံစားချက်တွေကို သူတို့ သိပ်နားမလည်သေးပါဘူး။ ကျွန်မက ခဏခဏ ရင်ဖွင့်တဲ့အခါ သူတို့ စိတ်ပျက်သွားကြပါတယ်။ ဒီကိစ္စတွေကြောင့်လည်း သူတို့က ကျွန်မကို အဆက်အသွယ်သိပ်မလုပ်တော့တာပါ။ ကလေးရှိတာကြောင့်လည်း အရင်တုန်းကလို အပြင်အတူတူထွက်ဖို့ အဆင်မပြေတော့ဘူးလေ။ နောက်ဆုံးတော့ ကျွန်မပဲ အထီးကျန်လာပါတယ်။ အထီးကျန်တယ်ဆိုတာက ယောကျာ်းက ဂရုမစိုက်လို့ မဟုတ်ပါဘူး။ သူကလည်း မနက်ကနေ ညနေအထိ အလုပ်လုပ်နေတာလေ။ ပိတ်ရက်မှာတော့ အကူအညီတွေပေးပါတယ်။ ဒါပေမယ့်လည်း သူမှာ တခြားလုပ်စရာတွေ ရှိနေသေးတယ်ထင်ပါတယ်။ ယောကျာ်းဂရုစိုက်တာနဲ့ သူငယ်ချင်းတွေ ကူညီတာ မတူတာကို ကျွန်မ ကောင်းကောင်းနားလည်ထားပါတယ်။

ကျွန်မတို့အမေတွေမှာလည်း သူငယ်ချင်းတွေ လိုအပ်နေပါတယ်။ ကျွန်မ ခံစားနေရတဲ့ အခက်အခဲတွေ၊ ခင်ပွန်းကို ပြောပြလို့မရတဲ့ အကြောင်းအရာတွေ၊ အလုပ်အကြောင်းတွေ ဆွေးနွေးတိုင်ပင်ချင်ပါတယ်။ သူငယ်ချင်းတွေရဲ့ ပြဿနာနဲ့ အခက်အခဲတွေကိုလည်း ကျွန်မကူညီနိုင်သလောက် ဖြေရှင်းပေးချင်ပါတယ်။ ဒါကြောင့်လည်း သူငယ်ချင်းတွေကို ထပ်ရှာဖွေရဦးမှာပါ။

သူငယ်ချင်းတွေဆိုတာ ဘဝရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်တယ်ဆိုတာ ကျွန်မရဲ့ ကလေး နားလည်အောင် သင်ပေးဦးမှာပါ။

Are Mom Friends Necessary မှ ပြန်ဆိုထားပါသည်




Comments

0 comments
Read more useful blogs