ကိုယ်ဝန်ဆောင်နှင့် အယူအဆမှားများ

by: May Shaar
 4 comments  10 love

ကိုယ်ဝန်ရှိတဲ့အချိန်ဆိုရင် မေမေတို့က အိမ်မှာ ဘုရင်မပဲနော် ဖေဖေ့အချစ်တွေလဲ အကုန်ရ ၊ အားလုံးရဲ့ ဂရုစိုက်မှုတွေလဲခံရနဲ့ ဘယ်လောက်တောင် သာယာတဲ့ဘဝကြီးလဲ အဲ့ဒီအချိန်မှာ ဘာမဆိုဂရုစိုက်ခံနေရပေမယ့် တချို့အယူအဆတွေက မှားနေတတ်ပါတယ် ဒါဆို ကိုယ်ဝန်ရှိတဲ့အချိန် ကိုယ်သိထားတဲ့ ရှောင်ရန်ဆောင်ရန်တွေက မှန်လား မှားလား ဆိုတာ သိနိုင်ဖို့ပြောပြပေးမယ်နော်

အစားအသောက်နဲ့ပတ်သတ်တဲ့ အယူအဆမှားတွေ

တချို့တွေပြောကြတာက ကိုယ်ဝန်ရှိချိန်မှာ မြေပဲ နဲ့ နို့ထွက်ပစ္စည်းတွေလို အစားအစာတွေက ကလေးတွေကို ဓာတ်မတည့်ဖြစ်စေမှာမို့ရှောင်သင့်ပါတယ်တဲ့။ဒါကမှားပါတယ်။တကယ်လို့အဲ့ဒီအစာတွေက သင်နဲ့ဓာတ်တည့်တယ် ၊ ဆရာဝန်ကလဲ ရှောင်ဖို့မပြောထားဘူးဆိုရင်တော့ စားနိုင်ပါတယ်။ချိစ် ၊ အသား ၊ငါးအစိမ်းတွေ ၊ ကောင်းမွန်စွာမချက်ထားတဲ့ ဥတွေ နဲ့ ရေခဲမုန့်တွေကိုတော့ ရှောင်ကျဉ်သင့်ပါတယ်။

ဗိုက်ကိုကြည့်ပြီး ကလေးက ယောက်ျားလေး ၊ မိန်းကလေးခွဲလို့ရလား?

ကိုယ်ဝန်ဆောင်ရဲ့ဗိုက်အနေအထားကို ကြည့်ရုံနဲ့ ခွဲခြားလို့ရတယ်ဆိုတာမျိုးက အလုပ်မဖြစ်ပါဘူး။Ultrasound scan ကသင့်ကလေးကို ရာနှုန်းပြည့်မခွဲခြားနိုင်ပေမယ့် ကိစ္စအများစုမှာတော့ အဲ့ဒါကပဲ တိကျလေ့ရှိတာပါ။

လုပ်လေ့လုပ်ထရှိတာတွေ

တချို့ကရေနွေးနဲ့ရေမချိုးရဘူး၊ဆံပင်မဆိုးရဘူးလို့ပြောကြတယ်။ဒါပေမယ့် ကိုယ်ဝန်ရှိချိန်မှာ ရေနွေးနဲ့ရေချိုးတာက စိတ်ချရပါတယ်။အရမ်းမပူဘူးဆိုရင်ပေါ့။ဆံပင်ဆိုးတဲ့အခါမှာ ပမာဏနည်းတဲ့ ဓာတုဆိုးဆေးတွေက အန္တရာယ်ကင်းပေမယ့် လူများစုက ကိုယ်ဝန်ရှိကာစ ၁၂ပတ်အတွင်းမှာ ဆံပင်ဆိုးခြင်းကို မှားယွင်းစွာ ရှောင်ရှားနေဆဲဖြစ်ပါတယ်။

အကြောပြတ်တာတွေပျောက်တယ်

Cream တွေ ဆီတွေက အကြောပြတ်တဲ့အရာတွေကို ဖျောက်ပေးနိုင်တယ်ဆိုတဲ့ သက်သေပြချက်ခုထိမရှိသေးပါဘူး။

အတူမနေရဘူး

ကိုယ်ဝန်ရှိချိန်မှာ အတူမနေသင့်ဘူးဆိုတာမှားယွင်းပါတယ်။ပုံမှန်ဆက်ဆံခြင်း ၊ ဒါမှမဟုတ်တစ်ကိုယ်ရည်ဆန္ဒဖြည့်ခြင်းတွေက တင်ပါးဆုံရိုးနဲ့အနားတဝိုက်ကို သွေးလည်ပတ်မှုကောင်းမွန်စေမှာဖြစ်ပါတယ်

နေမကောင်းတာကူးနိုင်တယ်

မိခင်နေမကောင်းဖြစ်တဲ့အခါ အချင်းကနေကလေးကိုကူးတယ်ဆိုတာမဟုတ်ပါဘူး။အထူးသတိပြုရမှာက ကိုယ်ဝန်ရှိတဲ့အခါသောက်တဲ့ အကိုက်အခဲပျောက်ဆေးတချို့ကတော့ ကလေးကိုထိခိုက်နိုင်ပါတယ်

ဒီလောက်ဆိုရင်တော့ ကိုယ်ဝန်ရှိနေတဲ့အချိန်မှာ ဘာမှမလုပ်ရဲဖြစ်မနေပဲ မှန်ကန်တဲ့ ဂရုစိုက်မှုတွေနဲ့ပျော်ရွှင်နေရတဲ့ မင်းသမီးလေးဖြစ်နေမှာ အသေအချာပါပဲ။

 




Comments

0 comments
Read more useful blogs