သင့်ကလေး ပြင်ပမှ ကူးစက်လာနိုင်တဲ့ ရောဂါ ၅ မျိုး

by: Mg Mg Zaw
 0 comments  2 love

ကျောင်းဆိုတာက စာသင်တဲ့နေရာပါ။ ဒါပေမဲ့လူတွေကများတော့ ရောဂါတွေရှိနိုင်ပြီး တောမီးလောင်သလို ပျံ့ နှံ့ နိုင်ပါတယ်။

သန်း

ပထမဆုံး အချက် က သန်းပါ။ သန်းဆိုတာကတော့ ဦးရေခွံကနေ သွေးကိုသောက်သုံးပြီး အသက်ရှင်နေထိုင်တဲ့ကောင်တွေပါ။သူတို့ ဟာ အလွန်သေးငယ်ပေမဲ့ လွယ်ကူစွာ ရှာတွေ့ နိုင်ပါတယ်။ ဒါပေမဲ့ အလင်းရောင်နဲ့ ထိုးပြီးရှာတဲ့အခါကျရင်တော့ ပုန်းအောင်းနေတတ်ပါတယ်။ သင့်ကလေး ခေါင်းတွေယားနေပြီဆိုရင်တော့ ဒါဟာ သန်းကြောင့်ဟုတ်မဟုတ် စစ်ဆေးဖို့ လိုလာပါပြီ။ သန်းဆိုရင်တော့ ကျောင်းမှာ ခေါင်းချင်းဆိုင်ရင်း တိုင်ပင်တဲ့အခါ ၊ ဆော့တဲ့အခါတွေမှာဖြစ်နိုင်ပါတယ်။ သန်းတွေက မပျံနိုင် ၊ မခုန်နိုင်ပေမဲ့ တစ်ခေါင်းနဲ့ တစ်ခေါင်း ကူးနိုင်ပါတယ်။

ရေကျောက်

ဒုတိယက ရေကျောက်။ ရေကျောက် က အရမ်းကူးစက်နှုန်းမြင့်တဲ့ရောဂါပါ။ ဒါပေမဲ့ ရေကျောက်ရောဂါဖြစ်ပြီးမကြာခင်မှာပဲ သင်သိနိုင်ပါတယ်။ ရုတ်တရတ်ဖျားနာခြင်း ၊ အစက်ကလေးတွေပေါက်လာခြင်း ၊ အရည်ကြည်ဖုတွေပေါ်လာခြင်း ဒါတွေဟာ ရေကျောက်လက္ခဏာတွေပါပဲ။ ဆောင်းရာသီနဲ့  နွေဦးရာသီအစမှာ ဖြစ်ပွားနိုင်ပါတယ်။

တုတ်ကောင်

သင့်ကလေးဟာ တုတ်ကောင်လဲကူးစက်နိုင်ပါသေးတယ်။ တုတ်ကောင်တွေဟာ စအိုနားမှာ ဥတွေ ဥပါတယ်။ အဲ့အချိန်မှာ စအိုဟာ မခံမရပ်နိုင်အောင်ယားပါတယ်။ ကျွန်တော်တို့ မြန်မာလိုဆို တုတ်ထိုးတယ်လို့ ခေါ်တာပေါ့။

မျက်စိနာခြင်း

မျက်စိနာခြင်းကလဲ ကူးစက်နိုင်တဲ့ရောဂါပဲ။ ကလေးတွေဟာနိုးလာတဲ့အခါ မျက်လုံးဟာ အ၀ါရောင်မျက်ချေးတွေနဲ့ ပိတ်နေပြီး မျက်ရည်ထွက်ပြီး မျက်လုံးတွေနီနေပြီဆိုရင် ဒါဟာ မျက်စိနာတာကို ကူးလာတာပဲဖြစ်ပါတယ်။

အာသီးရောင်ခြင်း

အာသီးရောင်ခြင်းဟာလဲကူးစက်နိုင်ပါတယ်။ ရေခဲရေအသောက်များတာတို့  ၊ အအေးမိတာတို့  ဖြစ်တဲ့အချိန်မှာ အာသီးယောင်တတ်ပါတယ်။ အာသီးရောင်တဲ့အခါ အဖျားတက်လာနိုင်ပြီး ချမ်းလဲချမ်းတတ်ပါတယ်။

ဒီအချက်လေးတွေကတော့ သင့်ကလေးတွေ ကျောင်းကနေ ကူးလာနိုင်တဲ့ရောဂါ ၅မျိုးပဲဖြစ်ပါတယ်။ ကိုယ်ခံအားကောင်းနေရင် ဘယ်ရောဂါမှမ၀င်နိုင်တာမို့  ကိုယ်ခံအားကောင်းအောင်သာ သင့်ကလေးကိုပြင်ဆင်ထားပါ။ အားလုံး ကျန်းမာ ချမ်းသာကြပါစေ။




Comments

0 comments
Latest video

Latest blog

Do you have anything to share?       Write blog