ဘေဘီလေးတွေကို နွေနေပူဒဏ်က ကာကွယ်ကြမယ်

by: Yin Min Thant
 2 comments  5 love

နွေနေပူပူမှာ ဘေဘီတို့အတွက် အပူဒဏ်ကာကွယ်နည်

မေမေတို့ရေ
အပူဒဏ်က သိသိသာသာတိုးလာပီး အားလုံးအတွက် အန္တရာယ်များတဲ့အဆင့်ကိုရောက်နေပါပီ။
အပူဒဏ်သက်သာအောင် လူကြီးတွေအနေနဲ့ ကိုယ်တိုင်စွမ်းဆောင်နိုင်ပေမဲ့ ကျွန်မတို့ ဘေဘီလေးတွေကတော့ မတတ်နိုင်ပါဘူး ။

ဒါကြောင့် ဒီလိုပူပြင်းလှ နွေအပူဒဏ်မှာ ဘေဘီလေးတွေအတွက် ဘယ်လိုနည်းလမ်းတွေက အပူဒဏ်သက်သာဖို့ အကောင်းဆုံးဖြစ်မယ်ဆိုတာ မျှဝေချင်ပါတယ်။

အသက်ခြောက်လအောက် ?
အသက်ခြောက်လအောက် ဘေဘီလေးတွေကိုတော့ နေရောင်ခြည်နဲ့တိုက်ရိုက်မထိတွေ့စေဖို့ မေမေတို့ ဂရုစိုက်ရပါမယ်။
ငယ်လွန်းသေးတဲ့ အရွယ်ဖြစ်တာမို့ sun cream လိမ်းပေးခြင်းက မသင့်တော်ပါဘူး။
အဲ့ဒီအစား ဦးထုတ်၊ အရိပ် ၊အကာ ရှိတဲ့နေရာမျိုးမှာထားပီး အေးမြစေတဲ့အဝတ်အစားတွေကို ဝတ်ဆင်ပေးခြင်းက အကောင်းဆုံးပါ။

❌ခြောက်လအောက် ဘေဘီလေးတွေကို အပူဒဏ်ကြောင့် ရေတိုက်ဖို့ မလိုအပ်ပါဘူး။
✔ယခင်ကထက် နို့ကိုပဲ အကြိမ်ရေများများ ပိုတိုက်ပေးပါ။

အသက်ခြောက်လအထက် ?
ခြောက်လနဲ့အထက် ဘေဘီလေးတွေကိုတော့ မေမေတို့အနေနဲ့ ဘေဘီလေးတို့ အတွက် သီးသန့်ထုတ်လုပ်ပေးထားတဲ့ အနည်းဆုံး SPF 30+ ပါတဲ့ sun creamကနေ စပီး လိမ်းပေးလို့ရပါတယ်။
(❗ဘယ်brand မဆို ပမာဏ အနည်းငယ်ယူပီး အရင်ဆုံး စမ်းသပ်ကြည့်ပါ။)
အေးမြတဲ့အဝတ်အစားများကို ဝတ်ဆင်ပေးပါ။
ဦးထုတ်ကို လျှာထိုး အဝိုက်အကြီးကြီးပါတာတွေက အပူဒဏ်ကို ကာကွယ်ဖို့ ပိုသင့်တော်ပါတယ်။
သနပ်ခါး အရည်ကျဲလိမ်းပေးပါ။

ငါးနှစ်ဝန်းကျင်နှင့် အထက် ?
ငါးနှစ်ကျော်အရွယ် ဘေဘီလေးတွေကိုလဲ နေရောင်နဲ့ တိုက်ရိုက်မထိတွေ့စေဖို့ သတိထားရပါမယ်။အထူးသဖြင့် နေအပူရှိန်အမြင့်ဆုံးအချိန်တွေမှာပါ။

ဘေဘီလေးတွေကို ရေဓာတ်မခမ်းခြောက်စေဖို့ အထူးသတိထားရပါမယ်။
အရည်ရွှမ်းတဲ့အသီးဖျော်ရည်နဲ့ ရေများများတိုက်ပေးဖို့လိုအပ်ပါတယ်။
ရေဓာတ်ပြည့်ဝနေရင် တနေ့ကို ရှူးခြောက်ကြိမ် ကနေ ရှစ်ကြိမ် အထိသွားပါတယ်။

ဒါ့အပြင် နွေနေပူမှာ ဘေဘီလေးတွေအတွက် အေးမြဖို့အကောင်းဆုံးနည်းလမ်းတွေကတော့

အခန်းတွင်းလေ လည်ပတ်အောင် ပန်ကာဖွင့်ပေးပါ။
❌ဘေဘီလေးရှိတဲ့ တနေရာထဲမှာ အသေရပ်မထားရပါဘူး။

air-con ဖွင့်လို့ရပါတယ်။
❌အခန်းအတွင်း အရမ်းအေးမနေစေပါနဲ့။

အိပ်ရာဝင်ချိန်မှာ ရေချိုးပေးလို့ရပါတယ်။
ညအိပ်ချိန်မှာ ပေါ့ပါးလွတ်လပ်တဲ့ အဝတ်အစားကိုပဲ ဝတ်ဆင်ပေးပါ။

မဖြစ်မနေခရီးသွားရမယ်ဆိုရင် အပူရှိန်နည်းတဲ့ မနက်အစောပိုင်းကို ရွေးပီးသွားပါ။
နေကာမျက်မှန်၊ ဦိးထုတ် ယူဖို့မမေ့ပါနဲ့။
ခရီးသွားနေချိန်မှာ ကားအတွင်း air-con သို့မဟုတ် တံခါးပေါက်များဖွင့်ထားပီး ကားအတွင်းအေးမြနေစေဖို့ သတိပြုပါ။
❌ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ခနတဖြုတ်တောင် ဘေဘီလေးတွေကို ကားထဲမှာ မထားခဲ့ပါနဲ့။
ကားအပူချိန်မြင့်တက်လွယ်လို့ပါ။

ဘေဘီလေးတွေက ရေဆာနေတယ်ဆိုတာကို မဖော်ပြတတ်ပါဘူး ။
ဒါကြောင့် ဒီလိုပူပြင်းလှတဲ့အချိန်အခါမှာ အမြဲတစေစောင့်ကြည့်ပီး ရေဓာတ်မခမ်းခြောက်ရအောင် လိုအပ်တယ်လို့ထင်တဲ့ပမာဏထက် ရေကိုပိုတိုက်ပေးသင့်ပါတယ်။

ကဲ အထက်ဖော်ပြပါအချက်လေးတွေနဲ့ မေမေတို့ရဲ့ဘေဘီလေးတွေကိုီးအပူဒဏ်က ကာကွယ်ဖို့ တဖက်တလမ်းကနေ အထောက်အကူပြုနိုင်ဖို့ မျှော်လင့်ရင်း…..

#Sarah‘sMom
#SharingisCaring
22.4.2019


Tag: advicecaregood tipshealth


Comments

0 comments
Read more useful blogs