ကိုယ်ဝန်ရှိတာသိသိချင်း အတိုင်းမသိပျော်မိတယ်။
အရမ်းမျှော်လင့်နေတဲ့အချိန် သမီးလေးရောက်လာတာက ကံကောင်းမှုပဲ။
ကိုယ်ဝန်ရှိစကနေ မွေးဖွားပြီးခုချိန်ထိ သမီးလေးအမှားအယွင်းတစ်စုံတစ်ရာမဖြစ်စေဖို့ အစွမ်းကုန် ကြိုးစားပြီးဂရုစိုက်ခဲ့တယ်။
ကိုယ်ဝန်ဆောင်ကျန်းမာရေး ကလေးကျန်းမာရေးနဲ့ပတ်သတ်တဲ့စာတွေဖတ်ရတာလည်းအမောပဲ။
ကိုယ့်ရဲ့အသွေးအသားကဖြစ်လာတဲ့သမီးလေးမို့ အရမ်းချစ်ရတယ်။
ဘယ်အချိန်ကြည့်ကြည့် ကြည့်မဝတဲ့သမီးလေးအတွက် အကောင်းဆုံးဆိုတာတွေပဲပေးချင်တယ်။
၃လတောင်မပြည့်သေးတဲ့သမီးလေးရဲ့ချစ်စရာအမူအရာလေးတွေကြည့်ရင်း ဘယ်လောက်ပဲအိပ်ရေးပျက် ပင်ပန်းပါစေ သမီးလေးနေကောင်းကျန်းမာဖို့သာအဓိကဆိုတဲ့အတွေးနဲ့ ပင်ပန်းတာတွေပျောက်ကွယ်ကုန်တယ်။
ကိုယ့်ရဲ့လွပ်လပ်မှုတွေပျောက်ဆုံးနေပေမယ့်လည်း သမီးလေးမေမေဖြစ်ရတဲ့အတွက်ကျေနပ်မိပါတယ်။
သမီးလေးရဲ့အနာဂတ် အကောင်းဆုံးဖြစ်စေဖို့ အစီအစဉ်တွေကြိုတင်တွေးရတာလည်း မပြီးနိုင်မစီးနိုင်။
သမီးလေးကိုပြောမပြတတ်အောင်ချစ်တယ်။
ချစ်လွန်းလို့မနမ်းရက်တဲ့အထိပဲ။
သမီးလေးကျန်းကျန်းမာမာပျော်ပျော်ရွှင်ရွှင်နဲ့ မေမေတို့နဲ့သက်ဆုံးတိုင်နေဖို့ မေမေဆန္ဒပြုတယ်။???
Comments