ဆယ်ကမ္ဘာတိုင်မယိုင်လဲပဲ ချစ်သမီးအတွက်သာဆို မေတ္တာစစ်နဲ့ ထာဝရအမြဲ ချစ်ကာသွားမဲ့ မေမေ

by: Hnin Nu Win
 0 comments  1 love

ကိုယ်ဝန်စရှိကတည်းက သားသားမီးမီးမသိရပေမယ့် အရမ်းချစ်ခဲ့ရပါတယ်။ အလုပ်လုပ်ရင်း ရင်သွေးလေး ကျန်းမာအောင် အစားအသောက်အနေအထိုင် အရာအားလုံးဂရုစိုက်ခဲ့တယ်။ ခွဲခန်းထဲမှာ သမီးလေးရဲ့ ငိုမဲ့မဲ့မျက်နှာမြင်ရတော့ ရင်တွေလည်းခုန်တယ် ပျော်လည်းပျော်တယ် … ခွဲစိတ်ခံနေရလို့ ကြောက်စိတ်တွေမရှိတော့ပဲ ပျော်တဲ့ခံစားမှုတွေဖြစ်ပေါ်နေတယ်… အလုပ်လည်းမထွက်ပဲ သမီးလေးအတွက်ကြိုးစားနေတယ် သမီးလေးပူဆာသမျှဝယ်ပေးနိုင်အောင် သမီးလေးဘဝလှပအောင် မေမေအလုပ်လုပ်ရင်းကြိုးစားနေတယ်.. ရုံးအပြန်သမီးလေးမျက်နှာမြင်ရရင်ကို အလုပ်ပင်ပန်းမှုတွေပျောက်ကုန်တယ် သမီးလေးကိုအရမ်းလည်းချစ်ပါတယ်။ လောကဓံကိုကြံ့ကြံ့ခံပြီး သမီးလေးရှေ့က မားမားမက်မက်ရပ်တည်ပေးမယ်။ မေမေ့ဘဝထက်ကို သမီးလေးကိုပိုချစ်ပါတယ်

Comments

0 comments

Do you have a baby photo you want to share?      Create an album
Related album
NAN OPTIPRO 3NAN OPTIPRO 3
16/01/2019