သမီးလေးရေ…
မေမေ သမီးလေးကို အရမ်းချစ်တယ်…
သမီးလေးက မေမေ့အတွက် တကယ့်ကို ဘုရားပေးတဲ့ဆုပါပဲ…
ဒါနဲ့တောင် မေမေက သမီးလေး မေမေ့ဆီ စရောက်လာတုန်းက မပျော်နိုင်ခဲ့ဘူးလေ…အဲ့ဒီအတွက် မေမေ အမြဲနောင်တရမိပါတယ်…ဒါပေမယ့် သမီးလေးရယ်…သမီးလေးကို မေမေက မထင်မှတ်ဘဲရခဲ့တာလေ…သမီးကိုကိုရဲ့ heart operationလုပ်ပြီးခါစမှာ သမီးလေးက မေမေတို့ဆီရောက်လာလို့ သမီးလေးကိုကိုအတွက် မေမေ တာဝန်မကျေများဖြစ်တော့မလားလို့ စိတ်ပူမိတာကြောင့် မေမေ မပျော်မိတာပါ…အဲ့ဒီအတွက် မေမေ့ကို ခွင့်လွှတ်စေချင်ပါတယ် ကလေးရယ်…?
ဒီလိုနဲ့သမီးလေး မွေးတဲ့အချိန်ရောက်တော့ မွေးကတည်းက သမီးလေးက အသံစူးစူးနဲ့ငိုတတ်လို့ မေမေ့စိတ်ထဲ ကောက်စိန်လေးများလို့ တွေးသေးတာ…???…ဒါပေမယ့် သမီးလေးကို ထွေးပွေ့ရင်း သိပ်ရင်းနှီးတဲ့ ခံစားချက်မျိုးခံစားရတယ်…သမီးက သေးသေးလေးနဲ့ လုံးလုံးလေးမို့ သိပ်ချစ်စရာကောင်းတာပဲ…မေမေ့အတွက် သမီးလေးရော သားလေးပါ ပြည့်ပြည့်စုံစုံရလာပြီမို့ မေမေ အရမ်းပျော်ရတယ်…သမီးလေးကို ကြည့် ကြည့်ပြီး ဘယ်လိုလေးဆင်မယ်…ဘယ်လိုလေးလုပ်ပေးမယ်နဲ့ ပေါက်စလေးကိုကြည့်ကြည့်ပြီး စိတ်ကူးယဉ်ရတာအမောပဲ…
သမီးလေးရေ…သမီး ၆လပြည့်လို့ ကာကွယ်ဆေးထိုးတော့ သမီးက ရှိသင့်တာထက် ပေါင်ချိန်နည်းနေတာမို့…ဆေးရုံပြရတယ်…
သမီးလေးမှာလည်း မွေးရာပါနှလုံးရောဂါပါလာပြန်ပါရောလား…???
သမီးရယ်…မိခင်တစ်ယောက်အနေနဲ့ သားသမီးအပူထက်ပူတာရှိမယ်မထင်ပါဘူး…
ပိုပူရလေ…ချစ်တာတွေပိုလာလေပါပဲ….
သမီးလေးတို့ကျန်းမာစွာ ပျော်ရွှင်စွာ ကြီးပြင်းလာဖို့ က မေမေ့အတွက် အသက်ရှုတိုင်း တောင်းတဲ့ဆုပါ…
သမီးလေးရေ….သမီးကို ချစ်တယ်…
သမီးလေးက မေမေ့ရဲ့ အသက်ရှင်သန်လိုမှုထဲက အရာတစ်ခုပါ…
သမီးလေးကို မေမေသိပ်ချစ်တယ်….
သမီးလေး မေမေ့ဘဝထဲရောက်လာလို့ အရမ်းကျေးဇူးတင်ပါတယ် ကလေးရယ်…
သမီးလေး ကျန်းမာ ပျော်ရွှင်စွာ လှလှပပ လိမ်လိမ်မာမာနဲ့ ကြီးပြင်းလာပေးပါနော်…
ချစ်တယ်…သမီးလေး ?
Comments